ကိုရီးယားသံအမတ်ကြီးနဲ့တွေ့ဆုံခဲ့ရတဲ့အပြင် လက်ဆောင်တွေပါရခဲ့တဲ့ ခါရာ

Posted on

စတိုင်ကျကျနဲ့အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်နဲ့ မော်ဒယ်လ်၊မင်းသားချောခါရာကတော့ မဒီလေးတွေရဲ့အသည်းကျော်မင်းသားတွေထဲကတစ်ယောက်ပါ။ သူကတော့ မြန်မာ့ကိုယ်စားပြုတစ်ယောက်အနေနဲ့ Asia Model Star Award .(2016) ဆုရရှိခဲ့တဲ့အပြင် သရုပ်ဆောင်ပိုင်နိုင်တဲ့ မင်းသားတစ်လက်အနေနဲ့လည်း ပရိသတ်တွေအသိမှတ်ပြုမှုကိုရရှိလာသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းကလည်း LOON Magazine Thailand မှာ ရွေးချယ်ဖော်ပြခံရတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးသော မော်ဒယ်လ်လည်း ဖြစ်လာခဲ့ပါတယ်။


အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ကိုရီးယားသံအမတ်ကြီးနဲ့တွေ့ဆုံခဲ့ရတဲ့အကြောင်းကို “ကျွန်တော်အမြဲသတိရနေမယ့် အမှတ်တရနေ့လေး ဒီနေ့ ကိုရီးယားသံအမတ်ကြီးရဲ့ ဖိတ်ကြားမှုကြောင့် သံအမတ်ကြီးအိမ်ကို ကျွန်တော် ရောက်ခဲ့ပါတယ်.။ အရသာရှိတဲ့ နေ့လည်စာနဲ့ နွေးထွေးစွာ တည်ခင်းဧည့်ခံမှုအတွက်ရော သံအမတ်ကြီးပေးတဲ့ အမှတ်တရလက်ဆောင်လေးအတွက်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..” ဆိုပြီးတော့ တွေ့ဆုံခဲ့တဲ့ပုံရိပ်လေးတွေအပြင် ရရှိခဲ့တဲ့လက်ဆောင်လေးတွေကိုပါ ပရိသတ်တွေကို ဖေ့ဘွတ်ခ်ကနေပြန်လည် မျှဝေခဲ့တာပဲဖြစ်ပါတယ်။


ခါရာကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ထွက်ရှိထားသလို “မနေ့ကဖြစ်သည် (၂)” ၊ “လိပ်ပြာ” စတဲ့ဇာတ်လမ်းတွဲတွေကြောင့်လည်း လူသိများသူပါ။ နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ ကာရိုက်တာမျိုးနဲ့တွေ့ရဦးမှာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကိုရီးယားသံအမတ်ကြီးနဲ့တွေ့ဆုံခဲ့ရတဲ့အကြောင်းလေးကို ပရိသတ်ကြီးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : KharRa