MONEY သီချင်းရဲ့ Performance Video နဲ့ စံချိန်သစ်ချိုးသွားတဲ့ Lisa

Posted on

Blackpink အဖွဲ့ဝင် Lisa ကိုတော့ ထူးချွန်တဲ့အနုပညာစွမ်းရည်တွေအပြင် သွက်သွက်လက်လက်နဲ့ချစ်ဖို့ကောင်းတဲ့သူတစ်ယောက်အဖြစ်နဲ့ပရိသတ်တွေသိကြမှာပါ။ Lisa ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့ထူးချွန်တဲ့အပြင် အမှတ်တံဆိပ်များစွာနဲ့မော်ဒယ်လ်အဖြစ်လက်တွဲထားတာလည်း ဖြစ်ပါတယ်။


Lisaကတော့ အခုဆိုရင် performance ဗီဒီယိုတစ်ခုနဲ့တင် နောက်ထပ်စံချိန်တစ်ခုကို ရရှိခဲ့ပါတယ်။ Lisa ရဲ့ “Money” သီချင်းက Performance Video ကတော့ ယူကျု့ဘ်မှာကြည့်ရှုသူသန်း(၆၀၀) ရရှိခဲ့တာဖြစ်ပါတယ်။ တစ်ကိုယ်တော်ကေပေါပ့်အမျိုးသမီးအဆိုတော်အနေနဲ့ ဒီစံချိန်ကိုအမြန်ဆုံးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အရင်ကတော့ ဒီလိုမျိုးစံချိန်ကို Jennie က ရရှိထားပါသေးတယ်။


(၂၀၂၁) ခုနှစ်စက်တင်ဘာလ(၂၃)ရက်နေ့က ထွက်ရှိခဲ့တဲ့ဒီဗီဒီယိုကတော့ (၈)လသာကြာမြင့်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူသန်း(၆၀၀)ကိုရရှိခဲ့တာပါ။ Money ကတော့ Lisa ရဲ့ Solo အယ်လ်ဘမ် Lalisa ထဲက သီချင်းဖြစ်ပါတယ်။ Congratulations ပါ Lisa ရေ..

Zawgyi ဖြင့်ဖတ်ရန်

MONEY သီခ်င္းရဲ႕ Performance Video နဲ႔ စံခ်ိန္သစ္ခ်ိဳးသြားတဲ့ Lisa
Blackpink အဖြဲ႕ဝင္ Lisa ကိုေတာ့ ထူးခြၽန္တဲ့အႏုပညာစြမ္းရည္ေတြအျပင္ သြက္သြက္လက္လက္နဲ႔ခ်စ္ဖို႔ေကာင္းတဲ့သူတစ္ေယာက္အျဖစ္နဲ႔ပရိသတ္ေတြသိၾကမွာပါ။ Lisa ကေတာ့ အိုင္ေဒါတစ္ေယာက္အေနနဲ႔ထူးခြၽန္တဲ့အျပင္ အမွတ္တံဆိပ္မ်ားစြာနဲ႔ေမာ္ဒယ္လ္အျဖစ္လက္တြဲထားတာလည္း ျဖစ္ပါတယ္။


Lisaကေတာ့ အခုဆိုရင္ performance ဗီဒီယိုတစ္ခုနဲ႔တင္ ေနာက္ထပ္စံခ်ိန္တစ္ခုကို ရရွိခဲ့ပါတယ္။ Lisa ရဲ႕ “Money” သီခ်င္းက Performance Video ကေတာ့ ယူက်ဳ႕ဘ္မွာၾကည့္ရႈသူသန္း(၆၀၀) ရရွိခဲ့တာျဖစ္ပါတယ္။ တစ္ကိုယ္ေတာ္ေကေပါပ့္အမ်ိဳးသမီးအဆိုေတာ္အေနနဲ႔ ဒီစံခ်ိန္ကိုအျမန္ဆုံးရရွိခဲ့တာလည္း ျဖစ္ပါတယ္။ အရင္ကေတာ့ ဒီလိုမ်ိဳးစံခ်ိန္ကို Jennie က ရရွိထားပါေသးတယ္။
(၂၀၂၁) ခုႏွစ္စက္တင္ဘာလ(၂၃)ရက္ေန႔က ထြက္ရွိခဲ့တဲ့ဒီဗီဒီယိုကေတာ့ (၈)လသာၾကာျမင့္ခဲ့တာျဖစ္ၿပီး ၾကည့္ရႈသူသန္း(၆၀၀)ကိုရရွိခဲ့တာပါ။ Money ကေတာ့ Lisa ရဲ႕ Solo အယ္လ္ဘမ္ Lalisa ထဲက သီခ်င္းျဖစ္ပါတယ္။ Congratulations ပါ Lisa ေရ..