
006-2.jpg





Source – Zay Ye Htet
Nay Madhuri @ CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

အလှူခံချင်လို့ တမင်လုပ်တယ်လို့ ပြောသူတွေကို အတိအကျစာရင်းရှင်းတဲ့ ဇေရဲထက်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့မှာတော့ နိုင်ငံကျော် သရုပ်ဆောင် ဇေရဲထက်ဟာ သူ့ကို အရူးအမူးအားပေးတဲ့ ပန်းတနော်မြို့သူလေးကို သွားရောက်တွေ့ဆုံခဲ့ပြီဖြစ်ပါတယ်။ ဇေရဲထက်ရဲ့ လုပ်ရပ်ကို အားပေးထောက်ခံကြသူတွေရှိသလို ဝေဖန်တိုက်ခိုက်လာသူတွေလည်းရှိနေတာပါ ။အခုတစ်ခေါက်မှာလည်း အလှူခံချင်လို့လုပ်တယ် ဆိုပြီး ဝေဖန်သူတွေရှိလာတဲ့အတွက် ဇေရဲထက်တစ်ယောက် ကျန်းမာရေးမကောင်းတဲ့ကြားကနေရှင်းရပြန်ပါပြီ ။

ဇေရဲထက်တစ်ယောက် ခါးတွေ ကုန်းလို့မရအောင် နာနေတဲ့ကြားက ပတ်တီးအထပ်ထပ်ပတ်ပြီး အခု ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပါကြောင်း ။ဆက်လက်ပြီး အလှူခံချင်လို့လုပ်တာလည်းမဟုတ်ပါကြောင်း ။လက်ခံရရှိတဲ့ အလှူငွေမှာလည်း လက်ရှိအချိန်ထိ ကျပ်ကိုးသောင်းသာ ရှိပါကြောင်း ။ အိတ်စိုက် အလှူဖြစ်တာကြောင့် အတင်းအကျပ်အလှူငွေလိုက်ကောက်တာမျိုးမဟုတ်ဘဲ ကူညီချင်သူတွေလာရောက်ပေးပို့သောငွေများကို သာ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ရေးသားပြောပြထားပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကြားထဲက လည်း ငထွား ခါးနှစ်ခါနာဖြစ်နေရတဲ့ ဇေရဲထက် အတွက် အားပေးစကားလေးတွေပြောပြခဲ့ပါနော်။

Source – Zay Ye Htet
Nay Madhuri @ CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top