မှတ်ချက်ကာင်းတွေ အများကြီးရခဲ့တဲ့ သဇင်ထူးမြင့်နဲ့ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ ပညာပေး ဗီဒီယိုလေး

Posted on

ပရိသတ်အချစ်တော် သဇင်ထူးမြင့်ကတော့ Twin Guys ll It’s my Lifestyle Page မှာ အမွှာညီအစ်ကိုနှစ်ယောက်နဲ့အတူ ကလေးလေးတွေတွက် အလိုအပ်ဆုံးအရာ ဆိုတဲ့ ပညာပေး ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ် ။ ဒီဗီဒီယိုလေးကို Twin Guys ll It’s my Lifestyle Page ကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့အရမ်းကို အကြိုက်တွေ့နေကြတာပါ ။

ဒီဗီဒီယိုလေးဟာ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာ ဆရာမတွေ ကိုယ်တိုင်တောင် ချီးကျူးရတဲ့ထိ ကောင်းမွန်တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်လို့ဆိုရမှာပါ ။ ဒီဗီဒီယိုလေးကို Preschool ဆရာမတစ်ယောက်က သူမအနေနဲ့ ဒီလိုထိရောက်တဲ့ ပြကွက်မျိုးကို မိဘတွေအတွက် တင်ဆက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ ပိုမိုအောင်မြင်ကြပါစေ နုနယ်တဲ့ကလေးလေးလေး တွေအတွက် မိဘနဲ့ လူကြီးမိဘတွေရဲ့အချစ် ၊ နွေးထွေးမှုတွေက တကယ်ကိုလိုအပ်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ဒီဗီဒီယိုလေးဟာ မိဘတွေကြည့်ပြီး ကလေးလေးတွေကိုနားလည်မှုပေးနိုင်စေမယ့် ဗီဒီယိုလေးပါ ဆိုတဲ့မှတ်ချက်ကောင်းလေးကိုရေးသားခဲ့ပါတယ် ။

ဒီမှတ်ချက်လေးကြောင့် သဇင်ထူးမြင့်ကတော့ အရမ်းကိုပျော်ရွှင်ရတဲ့အကြောင်း သူမရဲ့ မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြထားပါသေးတယ် ။ ခုလို လူငယ်လေးတွေ စုပြီး အကျိုးရှိစေမယ့် ပညာပေး ဗီဒီယိုလေးတွေကိုရိုက်ကူးတဲ့အတွက် လည်း ပရိသတ်တွေက ဂုဏ်ယူမဆုံးဖြစ်နေကြတာပါ ။ နောက်ထပ်လည်း ခုလိုအကျိုးရှိစေမယ့် ဗီဒီယိုလေးတွေအများကြီး ရိုက်ကူးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Thazin Htoo Myint
Emily (Cele Gabar)