
4-6.png


 

 

 


အမေဖြစ်သူရဲ့ MTV ကို ကြည့်ပြီး ငိုနေတဲ့ နန္ဒာလှိုင်ရဲ့ သမီးထွေးလေး

တစ်ချိန်က နန္ဒာလှိုင်ရိုက်ကူးထားတဲ့ MTV သီချင်းလေးတွေကိုကြည့်ပြီး သူမရဲ့ သမီးငယ်လေးက မေမေ့ကို တစ်ခြားတစ်ယောက်က လိုက်ချစ်နေတယ်ဆိုပြီး အမေကို သ၀န်တွေ တိုပြီး ငိုနေပါတော့တယ်။ သမီးလေး ငိုရတဲ့အကြောင်းကို နန္ဒာလှိုင်ကမေးနေတဲ့ ချစ်စရာကောင်းတဲ့ သမီးငယ်လေးရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေး လိုက်ပါတယ်နော်။Source – nandarhlaing’s fb#myanmarcelecrazy #nandarhlaing #နန္ဒာလှိုင် #celemovienews

Posted by Myanmar Cele Crazy on Wednesday, March 13, 2019

 

Source : Nandar Hlaing
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

မေမေ့ကိုတခြားတစ်ယောက်ချစ်နေပြီဆိုပြီး ငိုနေတဲ့ နန္ဒာလှိုင် သမီးလေးရဲ့ဗီဒီယို

နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက သူမရဲ့နန်းဆန်လွန်းတဲ့ အလှတရား တွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးတလက်ပါ ။ နောက်ပိုင်းမှာတော့ အိမ်ထောင်ပြုပြီး အနုပညာအလုပ်တွေကို ရပ်နားကာ သားသမီးတွေနဲ့ ခင်ပွန်းသည်အတွက်အချိန်ပေးရင်း အပြင်စီးပွားရေးအလုပ် တွေကိုပဲ ဇောက်ချလုပ်ကိုင်နေတာဖြစ်ပါတယ် ။ ချစ်စရာသမီးချောလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မေမေ နန္ဒာလှိုင်တစ်ယောက် သမီးအငယ်ဆုံးလေးရဲ့ ချစ်စဖွယ်ဗီဒီယိုလေးတစ်ခုကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ် ။ နန္ဒာလှိုင်ငယ်စဉ်က ရိုက်ကူးထားတဲ့ MTV သီချင်းကိုကြည့်ပြီး မေမေ့ကို တခြားယောက်ျားကြီးက ကြည့်နေတယ် ၊ မေမေ့ကိုတခြားတစ်ယောက်ချစ်နေပြီဆိုပြီး ဝမ်းနည်းပက်လက်ငိုခဲ့တဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ် ။ နန္ဒာလှိုင်တစ်ယောက်ကတော့ သမီးငယ်လေးကိုကြည့်ပြီး သဘောတွေ အကျကြီးကျနေတော့တာပါပဲ ပရိသတ်ကြီးရေ..။ CeleGabar ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nandar Hlaing
Molly @CeleGabar

scroll to top