
5-4.png


 

ကိုယ့်ကိုယ်ကို အမြင်ကပ်စရာကောင်းတယ် ရွံစရာကောင်းတယ်လို့ပြောလာတဲ့ ကျော်ရဲအောင် 1

 

ကိုယ့်ကိုယ်ကို အမြင်ကပ်စရာကောင်းတယ် ရွံစရာကောင်းတယ်လို့ပြောလာတဲ့ ကျော်ရဲအောင် 2

 

ကိုယ့်ကိုယ်ကို အမြင်ကပ်စရာကောင်းတယ် ရွံစရာကောင်းတယ်လို့ပြောလာတဲ့ ကျော်ရဲအောင် 3


 

ကိုယ့်ကိုယ်ကို အမြင်ကပ်စရာကောင်းတယ် ရွံစရာကောင်းတယ်လို့ပြောလာတဲ့ ကျော်ရဲအောင် 4

Source : Trend
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ကိုယ့်ကိုယ်ကို အမြင်ကပ်စရာကောင်းတယ် ရွံစရာကောင်းတယ်လို့ပြောလာတဲ့ ကျော်ရဲအောင်

လှပ်၍လွှင့်သော ရုပ်ရှင်ဇာတ်ကားကြီးက လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ကားတစ်ကားပါ ။ မောင်နှမ နှစ်ယောက်ကြားက သံယောဇဉ်ကို အဓိက ရိုက်ကူးထားပြီး ဒီကားမှာ ကျော်ရဲအောင်က ဗီလိန်နေရာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ အရင်တုန်းကလည်း ဒီလို ဗီလိန်နေရာမှာ သရုပ်ဆောင်ဖူးပေမယ့် ဒီကားထဲက ဗီလိန်နေရာလောက်တော့ မမိုက်ရိုင်းဘူးလို့ သိရပါတယ် ။ ကလေးကိုသတ်တဲ့လူသတ်သမားဆိုတော့ နည်းနည်းရိုင်းတယ်လို့ သူ့ရဲ့ကာရိုက်တာအကြောင်း ပြောပြလာခဲ့ပါတယ် ။

ဒီကားက မိသားစု Lifestyle လေးတစ်ခုကို ရိုက်ပြထားတာဖြစ်ပြီး အခက်ခဲတွေ ဒုက္ခ ဆင်းရဲတွေကြားက မိသားစုလေးတစ်စုရဲ့ ဘဝကို ပုံဖော်ထားတယ်လို့ လည်းသိရ ပါတယ် ။ ဗီလိန်နေရာကတော်တော်များများ သရုပ်ဆောင်ဖူးပေ မယ့်လည်း ဒီလိုရက်ရက်စက်စက် လုပ်တာတော့ ဒါပထမဆုံးအကြိမ်ပဲလို့ ကျော်ရဲအောင်က ပြောပြခဲ့ပါတယ် ။ ပရိသတ်တွေဝေဖန်မှာကိုတော့ ရုပ်ရှင်ရိုက်တာ ပဲဖြစ်လို့ သိပ်မကြောက်ပေမယ့် မလုပ်ဖူးတဲ့ ကာရိုက်တာကို စမ်းလုပ်ကြည့်လိုက်တာ လူတွေ တော်တော်အမြင်ကပ်တယ် ဆိုတော့ ဒါအောင်မြင်မှုပဲလေလို့ ပြောခဲ့ပါတယ် ။ တော်တော်လည်း အမြင်ကပ်စရာကောင်းပြီး ရွံစရာကောင်းတဲ့ ကာရိုက်တာပါလို့ ပရိသတ်တွေကိုပြောပြခဲ့ပါတယ် ။

Source : Trend
Molly @CeleGabar

scroll to top