Mytel မှ ငလျင်ဒဏ်သင့်မိသားစုများအတွက် ယာယီကယ်ဆယ်ရေးအိမ် (၃၀) ကျော် မိသားစုဝင်များထံပေးအပ်

Mytel မှ ငလျင်ဒဏ်သင့်မိသားစုများအတွက် ယာယီကယ်ဆယ်ရေးအိမ် (၃၀) ကျော် မိသားစုဝင်များထံပေးအပ်

Mytel မှ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်မိသားစုများအတွက် ယာယီနေအိမ် (၃၀) ကျော်ကို ဇွန်လအစောပိုင်းတွင် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းကယ်ဆယ်ရေးအိမ်များမှာ Mytel Mini Store များကို လူနေအိမ်အဖြစ် ပြောင်းလဲအသုံးပြုထားခြင်း ဖြစ်သည်။

ယခုလှုပ်ရှားမှုကို Mytel ၏ ၇ နှစ်ပြည့် အထိမ်းအမှတ် အဖြစ်ကျင်းပခဲ့ပြီး၊ မန္တလေးမြို့နှင့် ပတ်ဝန်းကျင်မှ ငလျင်ဒဏ်သင့်မိသားစုများအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းအထောက်အကူပြုနိုင်ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။

ယာယီအိမ်များအပြင်၊ Mobile Toilet, ပန်ကာများ၊ Mytel T-shirt များ၊ သန့်ရှင်းသောသောက်ရေ၊ ရေဘူးများ၊ ခွက်များ၊ ထမင်းဘူးများ၊ ဆန်၊ စားသုံးဆီနှင့် ခေါက်ဆွဲခြောက်များအပါအဝင် တခြားအထောက်အပံ့ပစ္စည်းများကိုလည်း လှူဒါန်းခဲ့သည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ မန္တလေးမြို့မှ တာဝန်ရှိသူများ၊ ဒေသခံများနှင့် ဒဏ်သင့်မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့သူများအတွက် Mytel ၏ လူမှုရေးဝန်ဆောင်မှု တစ်ရပ်အဖြစ် သက်သေအထောက်အထားဖြစ်ခဲ့သည်။