ရန်ကုန် – ဇွန် ၉၊ ၂၀၂၅ – မြန်မာနိုင်ငံရှိ ထိပ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုပေးသူ Mytel မှ ၇ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “Mi Mi” နှင့် “Mike Mike” တို့ကို Mytel ၏ပထမဆုံး AI Brand Ambassador များအဖြစ် တရားဝင်မိတ်ဆက်ခဲ့သည်။
အဆိုပါ AI ဇာတ်ကောင်နှစ်ဦးသည် သုံးစွဲသူများနှင့် ပိုမိုနီးကပ်အပြန်အလှန် ဆက်သွယ်နိုင်စေရန် ရည်ရွယ်ပြီး Mytel ၏ ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းအစီအစဉ်များနှင့် နည်းပညာဆိုင်ရာအချက်အလက်များကို တစ်ဆင့်ပြန်လည်မျှဝေပေးသွားမည်ဖြစ်သည်။
“Mi Mi” နှင့် “Mike Mike” တို့သည် ရိုးရှင်းသော Avatar များမဟုတ်ဘဲ၊ အမြန်နှုန်းမြင့် မိုဘိုင်းအင်တာနက်၊ ဒေတာပက်ကေ့ချ်၊ နိုင်ငံတကာခေါ်ဆိုမှုနှုန်းထားများနှင့် နည်းပညာဆိုင်ရာအပ်ဒိတ်များကို သုံးစွဲသူများအထံသို့ တက်ကြွစွာ မျှဝေပေးသွားမည်ဖြစ်သည်။
Mytel သည် AI နည်းပညာမှတဆင့် သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ရန် ရည်ရွယ်ကာ နောက်ထပ်ကမ္ဘာ့အဆင်မီဝန်ဆောင်မှုများဖန်တီးသွားရန် ပြင်ဆင်လျက်ရှိသည်။