TV360 by Mytel မှ စိတ်လှုပ်ရှားဖွယ်ရာ ရုပ်သံလိုင်းများ၊ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုနှင့် အတွေ့အကြုံသစ်များကို မိတ်ဆက်
မြန်မာ့ ထိပ်တန်း ဒစ်ဂျစ်တယ် ဖျော်ဖြေရေးပလက်ဖောင်းဖြစ်သော TV360 by Mytel ကို ၂၀၂၅ခုနှစ် ဩဂုတ်လတွင် သုံးစွဲသူများထံသို့ စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ TV360 ဆိုသည်မှာ မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် ကဏ္ဍစုံလင် ရသစုံလင်သော ဖျော်ဖြေမှုပေါင်းမျိုးစုံကို တစ်နေရာတည်းမှာတင် ကြည့်ရှုခံစားလို့ရမည့် OTT TV Application တစ်ခုဖြစ်သည်။ ဖုန်းနံပါတ်လေးတစ်လုံးရှိရုံနဲ့ အကောင့်တစ်ခုကို လွယ်ကူရိုးရှင်းစွာ ဖြည့်သွင်းအကောင့်ဖွင့်ပြီးနောက် များစွာသော ရုပ်သံဖျော်ဖြေရေး ပေါင်းစုံကို တစ်နေရာတည်းမှာ စိတ်ကြိုက် ကြည့်ရှုနိုင်မှာဖြစ်သည်။

TV360 အက်ပလီကေးရှင်းတွင် ကလေးများအတွက် ပညာရေးဆိုင်ရာ သင်ကြားပို့ချမှုများ၊ အပန်းဖြေရန် ကာတွန်းကားပေါင်းများစွာကို ကြည့်ရှုနိုင်သလို လူငယ်တွေအကြိုက် LiveTV၊ အားကစားမျိုးစုံ၊ Esports၊ အလှအပဆိုင်ရာ၊ ဂီတ၊ Karaoke၊ အစားအသောက်များ၊ Discovery ၊ နာမည်ကြီး ကိုရီးယားဒရာမာများ၊ ရုပ်ရှင်ဇာတ်ကားပေါင်းစုံ နှင့် စိတ်ဝင်စားဖွယ်ရာ ရုပ်သံလိုင်းများအပြင် လူကြီးတွေအတွက် တရားဓမ္မများ၊ လွမ်းမောတသဖွယ် ခေတ်ဟောင်းရုပ်ရှင်ကောင်းများ အစရှိသဖြင့် အစုံလင်တကာ့အစုံလင်ဆုံး ချန်နယ်လိုင်းပေါင်းများစွာ တစ်နေရာတည်းမှာ ရရှိနိုင်မှာပဲဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်းစုံက ရုပ်ရှင်အများအပြားကို စာတန်းထိုးဖြင့် စိတ်ကြိုက် ကြည့်ရှုခံစားနိုင်ပြီး ၊ ကိုရီးယားဇာတ်လမ်းတွဲများ ကို update ကြည့်နိုင်တော့မည် ဖြစ်သည်။အဆိုပါ TV360 by Mytel application ကို Google Play Store နှင့် Apple App Store မှ အလွယ် တကူ Download လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
